Tuesday, September 04, 2007

အခါလွန်မိုး

တေးရေး - ထူးအိမ်သင်
တေးဆို - ထူးအိမ်သင်

အတူနေခဲ့စဉ် အရင်းနှီးဆုံး အချိန်များမှာ
နှလုံးသားချင်းနားလည်ပါသော်လည်း အချစ်မှာ မပွင့်လင်းခဲ့
ဘာကြောင့်များ တိတ်တခိုးလေးစိတ်လှုပ်ရှား
ရင်ထဲကစကားများ ကြိတ်မှိတ်မျိုသိပ်ထား

သြော် လွန်ခဲ့ပြီ ဝေးသွားမှ ပြန်တွေးကာ
နှမြောတသ လွမ်းနေပါသော်လည်း
မတတ်သာ ယောက်ျားတို့ရဲ့မာန
သူမိန်းကလေးတို့သဘာဝ
ရင်ထဲကပန်းတစ်ပွင့် သော့ခတ်လုံခြုံသွား

အခုတော့ ဝေးခဲ့ပြီလေ အခုတော့ ဝေးခဲ့ပြီလေ
အခုတော့ ဝေးခဲ့ပြီ တို့နှစ်ဦးသား
နှုတ်ဆက်မျက်ရည်လေးများ
အားလုံးမသိအောင်သိမ်းထား
အခါလွန်တဲ့မိုးမို့ အငြိုးနဲ့ရွာ

အကြင်နာစကားတွေ အမြဲတမ်းပဲ အိပ်မက်မှာ
တစ်ရေးနိုးတဲ့ညတွေဆို ကိုယ်ပြန်အိပ်မရပါ
သူရောပဲကိုယ့်လိုများ
ယောင်ယမ်းတမ်းတနေမလား
ကိုယ်တွေးရင်း တွေးရင်း
ဝမ်းနည်းနေသလိုပါ

credit to pansagar.com

0 comments: