Tuesday, September 04, 2007

ကောင်းကင်ထဲကမြစ်တစ်စင်း

တေးရေး - မြင့်မိုးအောင်
တေးဆို – ထူးအိမ်သင်

အဝေးကမိုးကောင်းကင်ထဲမှာ ငါ့အလွမ်း ငှက်ငယ်လေးတစ်ကောင်
မင်းနောက်လိုက်ရှာနေ မင်းဘယ်နေရာမှာလေ
အချစ်ကမ္ဘာမြေတစ်ဖက်စွန်းအထိ ငါပျံသန်းလာမယ်
တစ်နေ့တော့ငါမင်းနဲ့ဆုံမယ်၊ ငါယုံကြည်ထားနေဆဲအဆုံးမဲ့မျှော်လင့်ချက်
လုံးဝနောက်မဆုတ်နိုင်ဘူး အချစ်ဒီနံရံများစွာလဲငါချိုးဖျက်လာခဲ့မယ်

အလင်းရောင်လေးရေ ဘယ်ဆီမှာများလင်းလက်နေလဲ
ဟို အဝေးကမင်းလေးရဲ့ခေါ်သံ ခြေရာခံရင်း
တွေ့တဲ့အထိရှာမယ်

အဆုံးမဲ့တဲ့ အချစ်ရဲ့မြစ်တစ်စင်းပေါ့ ဒါဟာ ငါ့ရဲ့မျှော်လင့်ချက်
စီးဆင်းသွားနေဆဲ တစ်ချိန်မှာ အပြာရောင်အနမ်းတွေနဲ့ ငါဟာ
မင်းရဲ့ရင်ထဲသို့ ခိုဝင်ရောက်လာမယ်
အိုး မင်းသိနိုင်မလား အချစ် အဝေးဆုံးမြစ်တစ်စင်းနဲ့
တို့နှစ်ယောက်ရဲ့ ကောင်းကင် အချစ်ကအပြီးသတ်အနိုင်ရမယ်
အမှန်တရားတစ်ခုပဲ တစ်နေ့ပြန်ဆုံတွေ့မယ်

အဝေးက မင်းလေးရဲ့အသံလေးတွေ ခြေရာခံရင်းတွေ့တဲ့အထိရှာမယ်
(အပြာရောင်မြစ်တစ်စင်း ရင်မှာစီးဆင်း)
(ဘယ်ဆီမှာများ လင်းလက်နေမှာလဲ
အပြာရောင်မြစ်တစ်စင်း စီးဆင်းနေဆဲကွယ်)

credit to madyjune

2 comments:

Anonymous said...

Very fine......

casinomm said...

Myanmar Slot
Nice