Tuesday, September 04, 2007

ဗင်းဆင့်ဗန်ဂိုးတမ်းချင်း

ရေး - ၀င်းမင်းထွေး
ဆို – ထူးအိမ်သင်

ကြယ်တွေစုံပြီလား ဗင်းဆင့်အနားကိုလာကြတယ်
မျက်စေ့ကနေ ငါကြားတယ်
တိတ်ဆိတ်တဲ့ညဥ့်လယ်ယံမှာ ခေါ်သံများ
ကြယ်တွေ ရင်ခုန်သလား ဗင်းဆင့်သီချင်းကို ဆိုကြတယ်
လွမ်းဖွယ့်အကြောင်းကို သီဖွဲ့တယ်
တောင်တန်းများကတောင် တုန်ယင်နေတော့တယ်
ငါလေ နားလည်ပြီ ဘာတွေကမ္ဘာအတွက် ပေးသွားသလဲ
ဘာကြောင့် ရူးသွပ်ခြင်း ခံသွားသလဲ
ဒဏ်ရာတွေဟာ မပျောက်နိုင်ဘူး
လူတွေက လုံးဝ နားမလည်ကြဘူးလေ
ငါတော့ ကြေကွဲနေတယ်

ကြယ်တွေငိုနေသလား ပန်းပွင့်မီးလျှံအထက်မှာ
ဒုက္ခမိုးတိမ် အိုတစ်စစီ ငါချစ်တဲ့ဗင်းဆင့် ပုံလွှာ ထင်ယောင်မှား
ကြယ်တွေငိုသံများ ဆိုက်ပရပ်လမ်းဟာ အိမ်မက်လို
ယိမ်းလှုပ်မှိုင်းဝေ အုံ့ဆိုင်းနေ
အာလူးစားသူတွေရဲ့ မျက်နှာတွေ
ငါလေ နားလည်ပြီ ဘာတွေကမ္ဘာအတွက် ချန်ထားသလဲ
ဘယ်လို ရူးသွပ်ခြင်းဒဏ် ပြင်းထန်တယ်
ဒဏ်ရာများက မပျောက်နိုင်ဘူး
လူတွေက လုံးဝ နားမလည်ကြဘူးလေ
ငါတော့ ကြေကွဲနေတယ်

လူတွေ တကယ်တော့ နားလည်

အို ဒါဟာ တကယ်အမှန်တရား
ဒီကမ္ဘာကို ဗင်းဆင့်အဆုံးအထိ ချစ်သော်လည်း
အားလုံးနားမလည်ခဲ့
ဒုက္ခနဲ့ တုံ့ပြန်ခြင်းသာ ရသွားလည်း
ဒီလို ရက်စက်ခဲ့ခြင်းကိုပြန်ပြီး
အမှန်တရားအတွက် ဘ၀ကို စတေးသွားရှာရင်း
ခွင့်လွတ်ခဲ့လေတယ်

ကြယ်တွေငိုနေသလား အခန်းလွတ်ထဲမှာ ပန်းချီကားတွေ
အဘိုးမဖြတ်ရက်အောင် တန်သတဲ့လေ
ဗင်းဆင့်ရဲ့ အနုပညာ ရတနာများ
မသေခင် အချိန်မှာ အပယ်ခံများ မဲ့ရွဲ့ခြင်းသာခံရတယ်
သွေးပျက်သွားအောင် သရော်ကြတယ်
လက်မြှောက်လို့ ဘ၀ကို ရှောင်ကာပြေးလေတယ်

ငါလေတုန်လှုပ်တယ်
ကမ္ဘာကို ပိုင်သမျှ အကုန်ပေးပြီး
တစ်သက်တာ ဒုက္ခချည်းယူသွားရှာတယ်
ဒါဟာ ပါရမီ တစ်ခုလေလား
လူတွေအတွက် ဘ၀ကိုရင်းလို့ စတေးရှာသလား
ဒီည ငါငိုနေပြီ

credit to madyjune

0 comments: