Tuesday, September 04, 2007

ကောင်းကင်ထဲကမြစ်တစ်စင်း

တေးရေး - မြင့်မိုးအောင်
တေးဆို – ထူးအိမ်သင်

အဝေးကမိုးကောင်းကင်ထဲမှာ ငါ့အလွမ်း ငှက်ငယ်လေးတစ်ကောင်
မင်းနောက်လိုက်ရှာနေ မင်းဘယ်နေရာမှာလေ
အချစ်ကမ္ဘာမြေတစ်ဖက်စွန်းအထိ ငါပျံသန်းလာမယ်
တစ်နေ့တော့ငါမင်းနဲ့ဆုံမယ်၊ ငါယုံကြည်ထားနေဆဲအဆုံးမဲ့မျှော်လင့်ချက်
လုံးဝနောက်မဆုတ်နိုင်ဘူး အချစ်ဒီနံရံများစွာလဲငါချိုးဖျက်လာခဲ့မယ်

အလင်းရောင်လေးရေ ဘယ်ဆီမှာများလင်းလက်နေလဲ
ဟို အဝေးကမင်းလေးရဲ့ခေါ်သံ ခြေရာခံရင်း
တွေ့တဲ့အထိရှာမယ်

အဆုံးမဲ့တဲ့ အချစ်ရဲ့မြစ်တစ်စင်းပေါ့ ဒါဟာ ငါ့ရဲ့မျှော်လင့်ချက်
စီးဆင်းသွားနေဆဲ တစ်ချိန်မှာ အပြာရောင်အနမ်းတွေနဲ့ ငါဟာ
မင်းရဲ့ရင်ထဲသို့ ခိုဝင်ရောက်လာမယ်
အိုး မင်းသိနိုင်မလား အချစ် အဝေးဆုံးမြစ်တစ်စင်းနဲ့
တို့နှစ်ယောက်ရဲ့ ကောင်းကင် အချစ်ကအပြီးသတ်အနိုင်ရမယ်
အမှန်တရားတစ်ခုပဲ တစ်နေ့ပြန်ဆုံတွေ့မယ်

အဝေးက မင်းလေးရဲ့အသံလေးတွေ ခြေရာခံရင်းတွေ့တဲ့အထိရှာမယ်
(အပြာရောင်မြစ်တစ်စင်း ရင်မှာစီးဆင်း)
(ဘယ်ဆီမှာများ လင်းလက်နေမှာလဲ
အပြာရောင်မြစ်တစ်စင်း စီးဆင်းနေဆဲကွယ်)

credit to madyjune

အခါလွန်မိုး

တေးရေး - ထူးအိမ်သင်
တေးဆို - ထူးအိမ်သင်

အတူနေခဲ့စဉ် အရင်းနှီးဆုံး အချိန်များမှာ
နှလုံးသားချင်းနားလည်ပါသော်လည်း အချစ်မှာ မပွင့်လင်းခဲ့
ဘာကြောင့်များ တိတ်တခိုးလေးစိတ်လှုပ်ရှား
ရင်ထဲကစကားများ ကြိတ်မှိတ်မျိုသိပ်ထား

သြော် လွန်ခဲ့ပြီ ဝေးသွားမှ ပြန်တွေးကာ
နှမြောတသ လွမ်းနေပါသော်လည်း
မတတ်သာ ယောက်ျားတို့ရဲ့မာန
သူမိန်းကလေးတို့သဘာဝ
ရင်ထဲကပန်းတစ်ပွင့် သော့ခတ်လုံခြုံသွား

အခုတော့ ဝေးခဲ့ပြီလေ အခုတော့ ဝေးခဲ့ပြီလေ
အခုတော့ ဝေးခဲ့ပြီ တို့နှစ်ဦးသား
နှုတ်ဆက်မျက်ရည်လေးများ
အားလုံးမသိအောင်သိမ်းထား
အခါလွန်တဲ့မိုးမို့ အငြိုးနဲ့ရွာ

အကြင်နာစကားတွေ အမြဲတမ်းပဲ အိပ်မက်မှာ
တစ်ရေးနိုးတဲ့ညတွေဆို ကိုယ်ပြန်အိပ်မရပါ
သူရောပဲကိုယ့်လိုများ
ယောင်ယမ်းတမ်းတနေမလား
ကိုယ်တွေးရင်း တွေးရင်း
ဝမ်းနည်းနေသလိုပါ

credit to pansagar.com

ဗင်းဆင့်ဗန်ဂိုးတမ်းချင်း

ရေး - ၀င်းမင်းထွေး
ဆို – ထူးအိမ်သင်

ကြယ်တွေစုံပြီလား ဗင်းဆင့်အနားကိုလာကြတယ်
မျက်စေ့ကနေ ငါကြားတယ်
တိတ်ဆိတ်တဲ့ညဥ့်လယ်ယံမှာ ခေါ်သံများ
ကြယ်တွေ ရင်ခုန်သလား ဗင်းဆင့်သီချင်းကို ဆိုကြတယ်
လွမ်းဖွယ့်အကြောင်းကို သီဖွဲ့တယ်
တောင်တန်းများကတောင် တုန်ယင်နေတော့တယ်
ငါလေ နားလည်ပြီ ဘာတွေကမ္ဘာအတွက် ပေးသွားသလဲ
ဘာကြောင့် ရူးသွပ်ခြင်း ခံသွားသလဲ
ဒဏ်ရာတွေဟာ မပျောက်နိုင်ဘူး
လူတွေက လုံးဝ နားမလည်ကြဘူးလေ
ငါတော့ ကြေကွဲနေတယ်

ကြယ်တွေငိုနေသလား ပန်းပွင့်မီးလျှံအထက်မှာ
ဒုက္ခမိုးတိမ် အိုတစ်စစီ ငါချစ်တဲ့ဗင်းဆင့် ပုံလွှာ ထင်ယောင်မှား
ကြယ်တွေငိုသံများ ဆိုက်ပရပ်လမ်းဟာ အိမ်မက်လို
ယိမ်းလှုပ်မှိုင်းဝေ အုံ့ဆိုင်းနေ
အာလူးစားသူတွေရဲ့ မျက်နှာတွေ
ငါလေ နားလည်ပြီ ဘာတွေကမ္ဘာအတွက် ချန်ထားသလဲ
ဘယ်လို ရူးသွပ်ခြင်းဒဏ် ပြင်းထန်တယ်
ဒဏ်ရာများက မပျောက်နိုင်ဘူး
လူတွေက လုံးဝ နားမလည်ကြဘူးလေ
ငါတော့ ကြေကွဲနေတယ်

လူတွေ တကယ်တော့ နားလည်

အို ဒါဟာ တကယ်အမှန်တရား
ဒီကမ္ဘာကို ဗင်းဆင့်အဆုံးအထိ ချစ်သော်လည်း
အားလုံးနားမလည်ခဲ့
ဒုက္ခနဲ့ တုံ့ပြန်ခြင်းသာ ရသွားလည်း
ဒီလို ရက်စက်ခဲ့ခြင်းကိုပြန်ပြီး
အမှန်တရားအတွက် ဘ၀ကို စတေးသွားရှာရင်း
ခွင့်လွတ်ခဲ့လေတယ်

ကြယ်တွေငိုနေသလား အခန်းလွတ်ထဲမှာ ပန်းချီကားတွေ
အဘိုးမဖြတ်ရက်အောင် တန်သတဲ့လေ
ဗင်းဆင့်ရဲ့ အနုပညာ ရတနာများ
မသေခင် အချိန်မှာ အပယ်ခံများ မဲ့ရွဲ့ခြင်းသာခံရတယ်
သွေးပျက်သွားအောင် သရော်ကြတယ်
လက်မြှောက်လို့ ဘ၀ကို ရှောင်ကာပြေးလေတယ်

ငါလေတုန်လှုပ်တယ်
ကမ္ဘာကို ပိုင်သမျှ အကုန်ပေးပြီး
တစ်သက်တာ ဒုက္ခချည်းယူသွားရှာတယ်
ဒါဟာ ပါရမီ တစ်ခုလေလား
လူတွေအတွက် ဘ၀ကိုရင်းလို့ စတေးရှာသလား
ဒီည ငါငိုနေပြီ

credit to madyjune